မျက်နှာ/မလိုက်/ရန် သတိပေးခြင်း
2
ညီအစ်ကို/မောင်နှမတို့a… သင်တို့/သည် ဘုန်းကြီးသော ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/ကို ယုံကြည်သောသူများ/ဖြစ်သည်/နှင့်အညီ လူတို့/ကို မျက်နှာလိုက်/၍ မဆက်ဆံကြနှင့်။
2 ဥပမာ သင်တို့/၏/ဝတ်ပြုဆောင်/ထဲသို့ ဝင်လာသူ/နှစ်ဦး/တွင် တစ်ဦး/သည် ရွှေ/လက်ဝတ်ရတနာများ/နှင့် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူ/ဖြစ်ပြီး ကျန်/တစ်ဦး/မှာ ဆင်းရဲ/၍ စုတ်ပြတ်/နွမ်းပါးသော/အဝတ်/ကို ဝတ်ဆင်ထားသူ/ဖြစ်သော် 3 သင်တို့/သည် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူ/ကို အလေးပေး/ကာ “ဤ/နေရာကောင်း/တွင် ထိုင်ပါ” ဟု ဆိုပြီး ဆင်းရဲသောသူ/ကိုမူ “ထို/နေရာ/တွင် ရပ်ပါ၊” သို့မဟုတ် “ကျွန်ုပ်/ခြေရင်း/တွင် ထိုင်ပါ” ဟူ၍ ပြောဆိုကြ/လျှင် 4 သင်တို့/သည် အချင်းချင်း ခွဲခြားဆက်ဆံ/လျက် မကောင်းသော အကြံအစည်/ဖြင့် တရားစီရင်သော/သူများ ဖြစ်ကြသည် မဟုတ်လော။
5 ချစ်ခင်ရသော ညီအစ်ကို/မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်/သည် ဤ/လောက/တွင် ဆင်းရဲသောသူတို့/ကို ယုံကြည်ခြင်း/၌ ကြွယ်ဝစေ/၍ မိမိ/ကို/ချစ်သော/သူတို့/အတွက် ကတိထားတော်မူသည့် နိုင်ငံတော်/ကို အမွေဆက်ခံသူများ/ဖြစ်/စေရန် ရွေးချယ်တော်မူသည်/မဟုတ်လော။ 6 သို့သော် သင်တို့/သည် ဆင်းရဲသောသူတို့/ကို ရှုတ်ချကြ၏။ သင်တို့/ကို ဖိနှိပ်/ချုပ်ချယ်/၍ တရားရုံး/သို့ ဆွဲခေါ်သွားသော/သူတို့/သည် ချမ်းသာသော/သူများ မဟုတ်လော။ 7 သူတို့/သည် သင်တို့/ခံယူ/ရရှိသည့် ကောင်းမြတ်သော/နာမတော်/ကို ရှုတ်ချသူများ/ဖြစ်သည် မဟုတ်လော။
8 ကျမ်းစာ/တွင် ပါသည့် “ကိုယ်/နှင့်/သက်ဆိုင်သော/သူ/ကို ကိုယ်/နှင့်/အမျှ ချစ်လော့” ဟူသော ရွှေ/ပညတ်တော်/ကို အမှန်တကယ် လိုက်နာ/ကျင့်သုံးနိုင်/လျှင် သင်တို့/သည် မှန်ကန်/စွာ ပြု၏။ 9 သို့သော် မျက်နှာလိုက်/လျှင် သင်တို့/သည် အပြစ်ကျူးလွန်သူ/ဖြစ်/၍ ပညတ်တရား/ကို ချိုးဖောက်သူ/အဖြစ် ပြစ်ဒဏ်/ချမှတ်/ခံရမည်။ 10 အဘယ်ကြောင့်ဆိုသော် ပညတ်တရား/အလုံးစုံ/ကို လိုက်နာ/စောင့်ထိန်း/သော်လည်း ပညတ်ချက်/တစ်ခု/ကို မလိုက်နာ/လျှင် အလုံးစုံတို့/ကို ချိုးဖောက်ရာ/ရောက်/သောကြောင့်/ဖြစ်၏။ 11 “သူတစ်ပါး/သားမယား/ကို မပြစ်မှားနှင့်” ဟု ပညတ်တော်မူသော/အရှင်/က “လူ့/အသက်/ကို မသတ်နှင့်” ဟူ၍/လည်း ပညတ်တော်မူ/သေး၏။ ထို့ကြောင့် သင်/သည် သူတစ်ပါး/သားမယား/ကို မပြစ်မှား/သော်လည်း လူ့/အသက်/ကို သတ်/လျှင် ပညတ်တရား/ကို ချိုးဖောက်သူ/ဖြစ်၏။
12 ထို့ကြောင့် သင်တို့/အား လွတ်မြောက်စေမည့် ပညတ်တရား/အားဖြင့် စီရင်ခံရမည့်/သူများ/ကဲ့သို့ ပြောဆို/ပြုမူကြလော့။ 13 ကရုဏာ/ကင်းမဲ့သောသူ/သည် ကရုဏာ/ကင်းမဲ့/စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာ/ထားသောသူ/သည် ဘုရားသခင်/တရားစီရင်မည့်/နေ့/တွင် ကြောက်ရွံ့နေ/ရန် မလိုပေ။
ယုံကြည်ခြင်း/နှင့် လုပ်ဆောင်ခြင်း
14 ညီအစ်ကို/မောင်နှမတို့… တစ်စုံတစ်ယောက်/က ငါ့/ထံတွင် ယုံကြည်ခြင်း/ရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်း/မရှိ/လျှင် မည်သည့်/အကျိုး ရှိသနည်း။ ထိုသို့သော/ယုံကြည်ခြင်း/သည် ထို/သူ/ကို ကယ်တင်/နိုင်သလော။ 15 ညီအစ်ကို/မောင်နှမ/တစ်ဦးဦး/သည် အစားအစာ/နှင့် အဝတ်အထည် ချို့တဲ့/ဆင်းရဲ/နေ/သောအခါ 16 သင်တို့/ထဲမှ တစ်စုံတစ်ယောက်/က “ငြိမ်းချမ်း/စွာ သွားကြလော့။ နွေးထွေး/စွာ နေ/၍ ဝလင်/စွာ စားကြလော့” ဟု ဆို/သော်လည်း သူတို့/လိုအပ်သော အဝတ်အစား/နှင့် စားစရာတို့/ကို မပေးဘဲ/နေလျှင် မည်သည့်/အကျိုး ရှိမည်နည်း။
17 ထို/နည်းတူ/ပင် ယုံကြည်ခြင်း/တစ်ပါးတည်း/သာ/ဖြစ်လျှင် လုပ်ဆောင်ခြင်း/မရှိ/သောကြောင့် အသေ/ဖြစ်၏။
18 တစ်စုံတစ်ဦး/က “လူတချို့/၌ ယုံကြည်ခြင်း/ရှိ၏။ လူတချို့/၌ လုပ်ဆောင်ခြင်း/ရှိ၏” ဟု ပြော/လိမ့်မည်။ သို့သော် ကျွန်ုပ်/က “လုပ်ဆောင်ခြင်း မရှိ/လျှင် သင်/၏ ယုံကြည်ခြင်း/ကို မည်သို့/ပြနိုင်/မည်နည်း။ ကောင်းသော/လုပ်ဆောင်ခြင်း/အားဖြင့် ကျွန်ုပ်/၏/ယုံကြည်ခြင်း/ကို ပြမည်” ဟု ပြန်ပြော၏။
19 ဘုရားသခင်/တစ်ဆူတည်း/ရှိသည်/ဟု သင်/ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများ/ပင် ယုံကြည်/၍ ကြောက်ရွံ့/ထိတ်လန့်ကြ၏။ 20 အို လူမိုက်… လုပ်ဆောင်ခြင်း/မရှိသော ယုံကြည်ခြင်း/သည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။
21 ကျွန်ုပ်တို့/အဘ/အာဗြဟံ/သည် မိမိ/သား/ဣဇာက်/ကို ယဇ်ပလ္လင်/ပေါ်တွင် ပူဇော်/သောအခါ ထို/လုပ်ဆောင်ခြင်း/အားဖြင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရသည်/မဟုတ်လော။ 22 သူ/၏/ယုံကြည်ခြင်း/သည် သူ/၏/လုပ်ဆောင်ခြင်း/နှင့်အတူ ဆောင်ရွက်သည်/ကို သင်/သိမြင်ရပြီး ထို/လုပ်ဆောင်ခြင်း/ဖြင့် သူ/၏/ယုံကြည်ခြင်း/သည် ပြီးပြည့်စုံ၏။ 23 “အာဗြဟံ/သည် ဘုရားသခင်/ကို ယုံကြည်/သဖြင့် ထို/ယုံကြည်ခြင်း/ကို ထောက်/၍ ဘုရားသခင်/သည် အာဗြဟံ/အား ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်တော်မူ၏” ဟူသော ကျမ်းစကား/သည် လက်တွေ့/ဖြစ်လာ၏။ ဘုရားသခင်/သည် အာဗြဟံ/အား “ငါ့/မိတ်ဆွေ” ဟု ခေါ်တော်မူ၏။ 24 လူ/သည် ယုံကြည်ခြင်း/အားဖြင့်/သာ မဟုတ်ဘဲ လုပ်ဆောင်ခြင်း/အားဖြင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်/ခံရကြောင်း သင်တို့/သိမြင်ကြ၏။
25 ထိုနည်းတူ ပြည့်တန်ဆာ/ရာခပ်/သည်လည်း တမန်တို့/ကို လက်ခံ/၍ အခြား/လမ်း/ဖြင့် လွှတ်လိုက်/သောအခါ ထို/လုပ်ဆောင်ခြင်း/အားဖြင့် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရသည်/မဟုတ်လော။ 26 ဝိညာဉ်/မရှိသော ကိုယ်ခန္ဓာ/သည် အသေ/ဖြစ်/သကဲ့သို့ လုပ်ဆောင်ခြင်း/မရှိသော ယုံကြည်ခြင်း/သည် အသေ/ဖြစ်၏။